တောင်တွင်းကြီးမြို့နယ်တွင် အသက် (၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ(၆၀‌၀)ဦးတို့ကို ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

တောင်တွင်းကြီး ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် အသက်(၁၂)နှစ်အထက်ရှိသူကျောင်းသား/‌ ကျောင်းသူများ အားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ကို ဒီဇင်ဘာ (၈) ရက်၊ နံနက် (၈) နာရီမှစတင်၍ မြို့နယ် အတွင်းရှိ အ.ထ.က ကျောင်းဆေးထိုးစုရပ်(၃)ခု တို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်း တို့တွင် ပညာသင် ယူလျက်ရှိသော ကျောင်းသား/‌ကျောင်းသူများ သည်လည်းဦးစားပေးအုပ်စုများ တွင်ပါဝင်ကာ အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြား‌နေပြီဖြစ်၍ အသက် (၁၂) နှစ်အထက်ရှိသူ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလာ ရောက်ထိုးနှံသည့် အသက်(၁၂)နှစ် အထက် ကျောင်းသား/ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း နှင့်အဖွဲ့ဝင်များ၏ကြီးကြပ်မူဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးမထိုးမီ ကျောင်းသား/ ကျောင်း သူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းများပြုလုပ်ပြီး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခဲ့ပြီးနောက် ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား/ ကျောင်းသူများအား မိနစ် (၃၀) ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၁၂) နှစ် နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား/ကျောင်းသူ (၆၀၀) ဦးတို့ကိုပထမအဆင့်ဦးစားပေး ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)