ဖျာပုံ ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်းကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေး အသိပညာပေး (Talk Show) ကို ယနေ့ နံနက်(၁၁)နာရီအချိန်က ပြုလုပ်ဆောင်ရွက်သည်။
အဆိုပါ သဘာဝဘေး အသိပညာပေး (Talk Show) ပြုလုပ်ရာတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ မေးမြန်းရာ ဖျာပုံခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမော်နိုင်ထွန်းက ဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒ(၄)ရပ်ဖြစ်သော (၁) လူတိုင်းလူတိုင်းသည် အခြေခံ လူ့အခွင့်အရေးရရှိပြီး လူ့ဂုဏ်သိက္ခာပြည့်စုံတဲ့ လူ့အသိုက်အဝန်းကို ဖော်ဆောင်ရေး (၂) ဘေးဒဏ်ခံစားရသည့် လူတွေကို နဂိုကောင်းမွန်သည့် အခြေအနေတစ်ရပ် ပြန်ရောက်ဖို့၊ ဘေးဒဏ်ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်စွမ်းရှိသည့် လူ့အသိုက်အဝန်းကို ဖော်ဆောင်ရေး (၃) ပြန်လည် ထူထောင်ရေးလုပ်ငန်းဆောင်ရွက်တဲ့အခါ ပြည်သူများ ညီညီမျှမျှ အကျိုးခံစားရပြီး ပြန်လည်ထူ ထောင်ရေး (၄) ပြည်သူလူထု အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပွင့်လင်းမြင်သာပြီးထိရောက်သည့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များပြည့်မီရေး ဦးတည်ဆောင်ရွက်ရန် စသည့်အချက်များပေါ်မူတည်ပြီး မြို့ရောတောပါမကျန် ဆောင်ရွက် လျက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင် (ဖျာပုံခရိုင်၊ ပြန်/ဆက်)