သရက်မြို့၌ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

သရက်     ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့်ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်ကို အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက သရက်မြို့နယ်၊ ပျဉ်ထောင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ ဒေသခံပြည် သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၀)နှင့် အိမ်ထောင်စုစာရင်း(၃၅)ခုကို ကွင်းဆင်း၍ နေ့ခြင်းပြီးပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင်  သရက်မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်နှင့် ဝန်ထမ်းများက ပျဉ်ထောင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ ပြည်သူများ အား နိုင်ငံသားစိစစ် ရေးကတ်အသစ်ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုစာရင်းများ စိစစ်လဲလှယ်ခြင်းလုပ်ငန်း များကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ခရိုင်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းဇော်က နိုင်ငံသားစိစစ်ရေးကတ်(၂၀)ကတ်နှင့် အိမ်ထောင်စုစာရင်း (၃၅) ခု ကို ကျေးရွာနေ ပြည်သူများ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)