ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ရွှေဂဲညိုကျေးရွာရှိ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်နိုင်ရန်နှင့် ရောဂါကွင်းဆက် ပြတ်တောက်နိုင်စေရန်အတွက် ရည်ရွယ်၍ အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး လာရောက်ထိုးနှံသူ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့များက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်းနှင့် ကာကွယ်ဆေး ထိုးပေးခြင်းလုပ်ငန်း များကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးလျက် ရှိသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပြည်ကြီးမဏ္ဍိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ် ရေးမှူး ဦးသိန်းမင်းထိုက်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာရပ်မိရပ်ဖများ၊ လူမှုကူညီရေး အဖွဲ့များနှင့် ပရဟိတအဖွဲ့တို့က ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)