ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်ရပ်ကွက်၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင်  ဒီဇင်ဘာ  

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီး ဌာနသည် ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ် စေရန်၊ စဉ်းစားတွေး ခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြား တတ်စေရန် နှင့် စာဖတ်သည့် အလေ့အထ များ ရရှိစေရန် ရည်ရွယ်၍ ယနေ့နေ့လယ် ၁နာရီခွဲအချိန်က နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ကေခိုင်ဝင်းနှင့် ဝန်ထမ်းများက သုတ/ရသ စာအုပ်ပေါင်း (၃၀၀) ကို သယ်ဆောင်၍ လမ်းသစ်၊ ကွက်သစ်လမ်းနှင့် ဆောက်လုပ် ရေး ဝန်ထမ်းအိမ်ယာများသို့ နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ကာ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ကြီးမဏ္ဍိုင် မြို့ရုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေး ငယ်များအတွက် Online မှတစ်ဆင့် ပုံပြင်ပြောခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူး တင်ဆက်ပေးခြင်းတို့အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက် ရှိကြောင်း သိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)