(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နတ်မောက် ဒီဇင်ဘာ ၈

၂၀၂၂ခုနှစ်၊ ဇန်နဝါရီ(၄)လရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့  အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်  (၁၀)နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌   ကျင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က ၂၀၂၂ခုနှစ်၊    ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  အဖြစ် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို   ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကုသရေး စည်းကမ်းချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများကလည်း ဆပ်ကော်မတီ တစ်ခုချင်း အလိုက် အကြံပြုဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

လှဝင်း