ဖြူး ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းသွား သော်လည်း ရောဂါကွင်းဆက်ပြတ်တောက်မှုမရှိသေးသောကြောင့် တားဆီးကာကွယ်ရေး လုပ်ငန်း များကို ဆက်လက်အထူးကြပ်မတ် ဆောင်ရွက်နေလျက်ရှိရာ ယနေ့ နံနက်(၉) အချိန်အချိန်က စတင်ကာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်စောင့်ကြည့်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် များက နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား အသိပညာပေးပြီး အခုဝယ် အခုတပ်ဆင်စေခြင်း စနစ်ဖြင့် ဆောင်ရွက်ပြီး စားသောက်ဆိုင်များအား ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ ရောင်းချမှု အခြေအနေများအား စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် စောင့်ကြည့်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များက တစ်ပတ်လျှင်(၅)ရက် အဖွဲ့(၅)ဖွဲ့ခွဲကာ တစ်ရက်လျှင်တစ်ဖွဲ့စီ အလှည့်ကျ မြို့ပေါ် လမ်းဆုံလမ်းခွများတွင် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား အသိပညာပေး၍ အခုဝယ်အခုတပ်ဆင်စေခြင်းစနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခြင်း၊ (Mask) များအခမဲ့ ဖြန့်ဝေစေခြင်း၊ ပဲခူးလမ်းဘေး တစ်လျှောက် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လ္ဘက်ရည်ဆိုင်များအား လာရောက် စားသုံးသူများကို စနစ်တကျ လက်ဆေးစေရန်၊ ဆိုင်အတွင်း လေဝင်လေထွက် ကောင်းမွန်စေရန်၊ တစ်ယောက်ချင်းစီစားနိုင်ပြီး တစ်ဦးနှင့် တစ်ဦးကြား အကာဖြင့် ကန့်ထားပေးရန်၊ စားပွဲတစ်ဝိုင်းနှင့် တစ်ဝိုင်း(၆)ပေ အကွာထားရှိပေးရန် စသည့်အချက်များကို စီစဉ်ဆောင်ရွက် ရောင်းချမှုရှိမရှိ စစ်ဆေး လျက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ဒီဇင်ဘာလ(၇)ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံရသူ(၁)ဦး ထပ်မံတွေ့ရှိသောကြောင့် စုစုပေါင်း အတည်ပြုလူနာ(၁၃၇၀)ဦး၊ ဆေးရုံလက်ကျန်(၃)ဦး၊ သေဆုံးသူမှာ (၈၇)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရ သည်။
နေမျိုးလွင်(ပြန်/ဆက်)