ကရသူရိ ဒီဇင်ဘာလ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၌(ဒုတိယအကြိမ်)မသန်စွမ်းသူများဆိုင်ရာ သိ ကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက မသန်စွမ်းသူများအား ကူညီစောင့်ရှောက်ပေးနိုင်ရေး၊ ပြည်သူများအသိပညာရရှိရေးနှင့် မသန်းစွမ်းသူများ ဆိုင်ရာ သိကောင်းစရာ Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားသည်။ ထို့နောက် ဘုတ်ပြင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းဆင့်က ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးနှင့် မသန်းစွမ်းသူများဆိုင်ရာလက္ခဏာများ၊ ဉာဏ်ရည်ချွတ်ယွင်းနေသူများ၏ အသိဉာဏ်ပိုင်း မသန်စွမ်းခြင်းဆိုင်ရာများ၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး၊ မသန်းစွမ်းသူများအား ကူညီပံ့ပိုးပေးနိုင်ရေး လုပ်ဆောင်ချက်များ၊ အမျိုးသမိးဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများအကြောင်းကို ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲကို နိုဝင်ဘာလ(၈)ရက်နေ့က ပထမအကြိမ်ဆွေးနွေးခဲ့ကြပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် ဒုတိယအကြိမ် ဆက်လက်ဆွေးနွေးခြင်းဖြစ်ရာ အဆိုပါဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)