ဘောဂလိမြို့တွင် ကိုင်းဖြတ်ကွမ်းရွက်စိုက်ပျိုးနည်း ဖြစ်ထွန်းလျက်ရှိ

ဘောဂလိ   ဒီဇင်ဘာ   

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် မိသားစုစားဝတ်/ နေရေးအတွက် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ် အသီး အရွက်များကို စိုက်ပျိုး၍ အသက်မွေး ဝမ်းကျောင်းပြုလုပ်လျက်ရှိရာ ကွမ်းရွက်သည် ယခင်နှစ်များကထက်  ယခုနှစ် များတွင်ပိုမို‌ရောင်းရ၍ စိုက်ပျိုးသူဦးရေး များပြားလာပြီး မိသားစု အပိုဝင် ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကွမ်းရွက်ပင်များ စိုက်ပျိုးရာတွင် စိုက်ပျိုးနည်းမျိုးစုံဖြင့် စိုက်ပျိုးကြကြောင်း တွေ့ရ သည်။ အလားတူ ဘောဂလိမြို့ ဒေသတွင် မိသားစုများသည် ကိုဗစ်_၁၉ကာလအတွင်း အပိုဝင်ငွေရှာ နိုင်ရန်အတွက် တစ်နိုင်တစ်ပိုင် ကွမ်းရွက်များကို ကိုင်းဖြတ်နည်းဖြင့် စိုက်ပျိုးကြကြောင်း သိရသည်။ ကိုင်းဖြတ်စိုက်ပျိုးရာတွင် အပင်ဖြတ်၍ ချက်ချင်းစိုက်မှအပင်လန်ဆန်းခြင်း၊  အပင်ဖြစ်မှုနှေးခြင်း၊ ပြုစု ဂရုစိုက်ရမှုများခြင်း၊ ကွမ်းရွက်ခူးချိန်နောက်ကြခြင်း စသည့်အခက်အခဲများရှိသော်လည်း စိုက်ပျိုးမှု အောင်မြင်သည်ကို တွေ့ရပါသည်။  မြန်မာလူမျိုးတွေက ကွမ်းစားခြင်းကို ပိုနှစ်သက်ကြ။ စားသုံးသူဦးရေက တစ်နှစ်ထက်တစ်နှစ် ပိုများလာတယ်။ ထို့ကြောင့် ကွမ်းရွက်တွေ ဈေးကောင်း လာတာပေါ့။ လက်ရှိကွမ်းရွက် စိုက်ပျိုးသူမိသားစုလည်း အပိုဝင်ငွေရရှိတာပေါ့။ တစ်ခြား ရာသီပေါ် သီးနှံတွေလည်း စိုက်ပျိုးတယ်။ ဘာလို့လည်းဆိုတော့ ခုချိန်က အလုပ်တွေရှားပါး နေတာလေ။ အဲတော့ စိုက်ပျိုးရေးကိုဦးစားပေး လုပ်တယ်။ ကွမ်းရွက်ဈေးကတော့ ယခင်နှစ်တွေက တစ်ပိဿာ (၂၀၀၀) ကျပ်လောက်ဘဲရတယ်၊ ယခုနှစ်မှာတော့ (၃) ထောင် ကျော်ထိရတယ်။ ကုန်ဈေးနှုန်းကတော့ အားလုံး တက်နေကြတာပါ ဟု ကွမ်းရွက်စိုက်ပျိုးသူ ဒေသခံ တစ်ဦး ကပြောသည်။

ကိုဗစ်-၁၉ရောဂါ ကာလအတွင်း အခြေခံစားသောက်ကုန်တချို့ ကုန်ဈေးနှုန်းများမြှင့်တက် သွားခဲ့ရာ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများက စစ်ဆေးမှုဆောင်ရွက်ခဲ့သဖြင့် ဈေးနှုန်းများ အနည်းငယ် လျော့ကျခဲ့သော်လည်း ကွမ်းရွက်ဈေး နှုန်းက စားသုံးသူဦးရေများပြားမှုနှင့် ကွမ်းရွက် အပျက်အစီးများ ကြောင်း ဈေးကောင်းရရှိလျက်ရှိရာ ကွမ်းရွက် စိုက်ပျိုးသူများမိသားစုများ အပို ဝင်ငွေရရှိလျက်   ရှိကြောင်းသိရသည်။

ဘောဂလိ(ပြန်/ဆက်)