ဘုတ်ပြင်းမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများလိုက်နာ‌ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်

ဘုတ်ပြင်း    ဒီဇင်ဘာ  ၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉  ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များအရ  ယနေ့နံနက်က  မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံနေရာများတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံမှု ကြိုတင် ကာကွယ်ထိန်း ချုပ်ရေး နည်းလမ်းများအား အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ  အသိပညာပေးနှိုးဆော်မှု ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မီးသတ ်ယာဉ်ဖြင့် လှည့်လည်ကာ မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံနေရာများတွင် လိုက်လံနှိုးဆော်ရာ
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားတွေ့ရှိမှု အရေအတွက်မှာ လျော့နည်းသော်လည်း ရောဂါဖြစ်ပွားမှု ကင်းစင်ပပျောက်မှု မရှိသေးကြောင်း စိစစ်တွေ့ရှိရပြီး၊ ကမ္ဘာနိုင်ငံ အသီးသီးတွင်လည်း ကိုဗစ်-၁၉ ရောဂါမျိုးစိတ်သစ် အိမီခရွန် ရောဂါဖြစ်ပွားလျက်ရှိပါသည်။

ပြည်သူများ‌အနေဖြင့် နေအိမ်ပြင်ပ ထွက်ခွါပါက (Mask) နှာခေါင်းစည်းစနစ်တကျတပ်ဆင်ရန်၊ လူတစ်ဦးနှင့် တစ်ဦး(၆)ပေအကွာနေထိုင်ခြင်းစသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက် ကြရန်၊ ခရီးသွားလာရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း ကျန်းမာရေးဌာန အသိမှတ်ပြု လက်မှတ် တစ်ပါတည်း ယူဆောင်၍ ခရီးသွား လာကြရန်၊ အသက်(၁၈)နှစ်ပြည့်ပြီး သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် လာရောက်ထိုးနှံကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန် / ဆက်)