ပန်းတနော်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online Page မှတစ်ဆင့် အသိပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ

ပန်းတနော်   ဒီဇင်ဘာ    ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း   ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များနှင့် ကျောင်းသား/ကျောင်းသူ သားငယ်၊ သမီးငယ် လေးများအတွက် စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online Page မှတစ်ဆင့် အသိပညာ ပေးအစီအစဉ်များကို  စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်း၌ စာရေးဆရာ ဟိန်း(ဘူမိ)ရေးသားသည့် ရောဂါအမျိုးမျိုးနှင့်အစွမ်းထက် သဘာဝဆေးဝါးများ စာအုပ်တွင် ပါရှိသည့်အကြောင်းအရာများအား ရိုက်ကူးတင်ဆက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်နှင့် ဝန်ထမ်းများက ပန်းတနော်မြို့နယ် ပြည်သူ့စာကြည့်တိုက်  Online Page မှတစ်ဆင့်  သုတ၊ ရသ၊ စာအုပ် မိတ်ဆက်ခြင်းအစီအစဉ်၊  ဆေးရောင်ခြယ်အစီအစဉ်၊ ကဗျာလေးတွေ ရွတ်ကြမယ်  အစီအစဉ်၊ ယဉ်ကျေးလိမ်မာသိမှတ်စရာ အစီအစဉ် ပုံပြော၊ ဆေးရောင်ချယ်နှင့်စက္ကူ အရုပ်ခေါက် အစီအစဉ်များကို  စဉ်ဆက် မပြတ်ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်( ပြန်/ ဆက်)