ညောင်တုန်း ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာအုပ်မိတ်ဆက်အစီအစဉ်ကို ဒီဇင်ဘာလ ၈ရက်နံနက်ပိုင်းက Onlineမှတစ်ဆင့် ဆောင်ရွက်ခဲ့သည်။
အဆိုပါအစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်တင်တင်လှိုင်မှ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်”စာအုပ်မိတ်ဆက်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Pageတွင် ဆောင်ရွက်ခဲ့သည်။
ထို့အပြင် စာပေဝါသနာရှင်များ၊ ကလေးသူငယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဆောင်းပါမိတ်ဆက်၊ ဆောင်းပါဖတ်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းနှင့် စက္ကူအရုပ်ခေါက်ခြင်း အစရှိသည့် အသိပညာဗဟုသုတရရှိစေသော အစီစဉ်ကောင်းများကို တင်ဆက်ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်