ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး

ဒေးဒရဲ  ဒီဇင်ဘာ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်စည်ပင်သာယာရေးရုံးသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးရာတွင် သုတ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္တုစာအုပ်များနှင့် အသိပညာ ဗဟုသုတများစွာရရှိမည့် စာအုပ်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး  တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များဖြင့် အပတ်စဉ်လဲလှယ် ငှားရမ်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း (ပြန်/ဆက်)