ကျိုက်လတ် ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club ၊ လူငယ်အသင်း Youth Club အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်ကပြည်သူများ၊ လူငယ်လူရွယ်များအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ချစ်ခင်ရင်းနှီးမှုရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်းများဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သုတပဒေသာစာစောင်တွင် ကိုဇော်ဌေး (ယဉ်ကျေးမှု) ရေးသား သည့် လူငယ်နှင့်ဆေးလိပ်အန္တရာယ်အကြောင်း၊ Book Club အဖွဲ့ဝင် ဒေါ်အေးလေးက သင့်ကလေးကို ဆေးလိပ်ဖြတ်ရန် မခြိမ်းခြောက်ပါနှင့် ဆွေးနွေးပါဆောင်းပါးနှင့် Youth Club အဖွဲ့ဝင် ကိုမင်းသူထက်က သန်းစော (စီပီအေ) ရေးသားသည့် လူငယ်နှင့်ဆေးလိပ်ခေါင်းစဉ်ပါ ဆောင်းပါးများအကြောင်း အသီးသီး ဖတ်ရှုဆွေးနွေးခဲ့ ကြပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များမှ ဆောင်းပါးများပါ အကြောင်းအရာများအား ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဌေးဌေးလှိုင်
မြို့နယ်( ပြန်/ဆက်)