ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ကျင်းပ

ဝါးခယ်မ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန  Community Center ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ (Talk  Show) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ (Talk Show)တွင် ဝါးခယ်မမြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်နှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်စောသန္တာဦးတို့မှ ယနေ့ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသော ကိုရိုနာ ဗိုင်းရပ်စ်မျိုးကွဲသစ် အိုမီခရွန် (Omicron) အကြောင်းများ၊ ပြင်းထန်အိုမီခရွန်အကြောင်း သိကောင်းစရာများ၊ အိုမီခရွန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေးချက်များနှင့် ပြည်သူများအားလုံး ပူးပေါင်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ရုံးမှ ပြည်သူများ အသိပညာတိုးပွားစေရေးအတွက် Online မှတဆင့် Talk Show များ၊ ပြပွဲပြိုင်ပွဲများ၊ ပုံပြင်များ၊ ကဗျာများ၊ စာဖတ်ဝိုင်းများ၊ စာအုပ်မိတ်ဆက်ခြင်းများ အပါအဝင် အခြားဗဟုသုတရဖွယ် အစီအစဉ်များကို ဝါးခယ်မ ပြည်သူ့စာကြည့်တိုက် Facebook Page မှ ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

စောသန္တာဦး