နတ်မောက် ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝ န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် မြို့နယ်ဦးစီးမှူးရုံးတွင် နေ့စဉ်ပြုလုပ်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဒီဇင်ဘာလ(၇)ရက်နေ့က နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ နိုင်ငံသားစိစစ်ရေး ကတ်များ လာရောက်ပြုလုပ်ကြရာတွင် ၃(က)ဖြင့် ပြုလုပ်သူ ကျား(၂)ဦး၊ ၆(က)ဖြင့် ပြုလုပ်သူ ကျား(၂)ဦး၊ မ(၂)ဦး၊ လဲလှယ်သူ ကျား(၅)ဦး၊ မ(၈)ဦး၊ မိတ္တူ ကျား(၄)ဦး၊ မ(၂)ဦး စုစုပေါင်း (၂၅)ဦး၊ အိမ်ထောင်စု လူဦးရေစာရင်း (၄၂) ဦး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာပေါင်း(၂၃၄)ရှိပြီး အဆိုပါ ရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို မတ်လ( ၃)ရက်နေ့မှ ဒီဇင်ဘာလ(၇) ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ် စုစုပေါင်း(၄၀၂၇)ဦး၊ အိမ်ထောင်စု လူဦးရေစာရင်း (၁၃၁၃)ဦး ပြုလုပ်ပေးပြီးဖြစ်ကြောင်း မြို့နယ် လ ဝ က ဦးစီးမှူး ဦးမျိုးတင့်ထံမှ သိရသည်။
သင်းသင်းမြတ်(နတ်မောက်)