ဘုရားသုံးဆူ ဒီဇင်ဘာ ၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community center ခန်းမတွင် စာအုပ်စာ စောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ ဦးဆောင်၍ စာဖတ်ပရိတ်သတ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်ရန်နှင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို ဘုရားသုံးဆူမြို့ရုံး Community center ခန်းမတွင် ယနေ့ နံနက် ၁၀ အချိန်၌ စာအုပ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏ "မြန်မာစကား မြန်မာစကားပြေ" စာအုပ်အား အဖွဲ့ဝင်များက စာအုပ်ပါ ခေါင်းစဉ်အကြောင်းအရာများအား တစ်ဦးချင်းစီအလိုက် ဆွေးနွေးကြပြီး မိမိတို့၏ ထင်မြင်ယူဆချက်များ၊ သုံးသပ်ချက်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောရဲဝင်းထွဋ်(ပြန်/ဆက်)