လှိုင်းဘွဲ ဒီဇင်ဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်သာယာ လှပရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလပထမ အပတ်မှ စတင်၍ စည်ပင်သာယာမြို့မဈေး အရှေ့နှင့်အနောက် ဘက်တို့တွင် အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမ(၆)လပတ်၊ ခွင့်ပြုရန်ပုံငွေ (၇.၃) ကျပ်သန်းဖြင့် စည်ပင်သာယာမြို့မဈေးရှေ့ဘက်၌ ရေမြောင်းအရှည်(၁၂၆)ပေ၊ အကျယ်(၅) ပေခွဲ၊ အနက်(၃)ပေနှင့်ဈေး အနောက်ဘက်တွင် ခွင့်ပြုရန်ပုံငွေ (၇.၀) ကျပ်သန်းဖြင့် ရေမြောင်းအရှည်(၁၂၆)ပေ၊ အကျယ်(၃) ပေခွဲ၊ အနက်(၃)ပေတို့ကို ရေနုတ်မြောင်း တူဖော်ခြင်း၊ အုတ်စီခြင်း၊ ရေမြောင်း အဖုံးပြုလုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ထိုသို့ဆောင်ရွက်ပြီးစီးသွားပါက ရေစီးရေလာ ကောင်းမွန်စေခြင်းနှင့် ဈေးဝယ် ပြည်သူများ သွားလာရေး အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စောဒိ(ပြန် / ဆက်)