ကျိုက်ဒုံမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကျိုက်ဒုံ ဒီဇင်ဘာ ၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်မှ ပြင်ပမှရရှိသည့် ဗဟုသုတများနှင့် စာပေမှရရှိသည့် အကျိုးကျေးဇူးများပေါင်းစပ်ပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ စာပေချစ်မြတ်နိုးသူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အတွေးအမြင်များ၊ ရသများဖလှယ်ခွင့် ရရှိစေရန်အတွက် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားထားသော ''တန်ဖိုးရှိသောနေ့'' စာအုပ်ဖြင့် စာအုပ်ပါ အကြောင်းအရာများကို ကျိုက်ဒုံမြို့(ပြန်/ဆက်)ဦးစီးမှူးမှ ဦးဆောင် ဆွေးနွေးခဲ့ပြီး တက်ရောက် လာသည့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်မှ မိမိတို့ ကြိုက်နှစ်သက်သည့် ခေါင်းစဉ်များဖြင့် အပြန် အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)