ပုလောမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၉၀) ဦး ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ခဲ့

ပုလော   ဒီဇင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ကြဲကျေးရွာအုပ်စု၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြိတ်ခရိုင် ဦးစီးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းဇော် ဦးက ပန်းခင်းစီမံချက်ဆိုင်ရာ အကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း၊ ပုလောမြို့နယ် လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကြဲကျေးရွာအုပ်စုတွင် အသက် (၁၀) နှစ်ပြည့် နိုင် ၃ (က) (၁၁) ဦး၊ အသက် (၁၈) နှစ်ပြည့် နိုင် ၆(က)(၂၉)ဦး၊ လဲလှယ်(၃၇)ဦး၊ မိတ္တူ (၁၃)ဦး၊ စုစုပေါင်း (၉၀) ဦးအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေးနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက် ပေးမှုကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော)