ဘားအံ ဒီဇင်ဘာ ၈
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုး သမီးများအား ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးကြည့်ရှုစစ်ဆေး ပေးခြင်းများကို ယနေ့နံနက် (၁၀) နာရီအချိန်က ဘားအံမြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံကို ဘားအံမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုယ်ဝန် ဆောင် အမျိုးသမီးများအား ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ အိတ်ချ်အိုင်ဗီနှင့် ဆစ်ပလစ်ပိုးရှိ/ မရှိစစ် ဆေးပေးခြင်း၊ ဆီးနှင့်သွေးစစ်ဆေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မှုအနေအထားနှင့် ကလေးအနေအထား ပုံမှန်ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ပထမအကြိမ်ကိုယ်ဝန်အပ်နှံခြင်းဖြစ်ပါက မေးခိုင်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်း၊ ကိုယ်ဝန်(၄) လကျော်ပါက သန်ချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကိုယ်ဝန် ဆောင်ချိန်တွင် ကျန်းမာရေးနှင့် ပတ်သက်၍ အလေးထားလိုက်နာ ဆောင်ရွက်ရန်၊အာဟာရ ပြည့်ဝစွာ စားသုံးရန်၊ ရောဂါလက္ခဏာ တစ်ခုခုဖြစ်ပေါ်လာပါက ဆေးရုံ/ဆေးခန်း တွင် အမြန်ဆုံးသွားရောက် ပြသရန်နှင့် သတ်မှတ်ထားသည့်ရက်များအတိုင်း လာရောက်ပြသရန် လိုအပ်ကြောင်း အသိပညာပေး ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဘားအံမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား အပတ်စဉ်ဗုဒ္ဓဟူးနေ့ များတွင် ကျန်းမာရေးကြည့်ရှု စစ်ဆေးပေးသွားမည်ဖြစ်ကြောင်းနှင့် အပတ်စဉ်အင်္ဂါနေ့များတွင် အသက်တစ် နှစ်ခွဲနှင့်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဘားအံမြို့ နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန မှသိရှိရသည်။
ခရိုင်(ပြန်/ဆက်)