သဲကုန်း ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သဲကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်အလိုက် လူဦးရေစာရင်းများ ကြိုတင်ပြုစုခြင်းလုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ပါ လုပ်ငန်းစဉ်အမှတ်(၅)အရ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရန် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပေါင်းစပ်ညှိနှိုင်း၍ မြို့နယ်အလိုက် လူဦးရေစာရင်းများ ကြိုတင်ပြုစုထားရှိရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အဓိကပူးပေါင်းဆောင်ရွက်ရမည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ဌာနဆိုင်ရာအသီးသီးတို့ကလည်း လူဦးရေစာရင်းများ ကြိုတင်ပြုစုရာတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
ချစ်နှင်းသုန်