သံတောင်ကြီး ဒီဇင်ဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကလေးသူငယ်များ၊ စာပေချစ်မြတ်နိုးသူများ အနေဖြင့် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူး ထုတ်လွှင့်ပေးရာ ယနေ့နံနက်ပိုင်းက ရုန်တူစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် မေ့မေ့စကားနားထောင်မယ် ခေါင်းစဉ်ဖြင့် ပုံပြင်ပြောအစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်ရုံးစာကြည့်တိုက်သို့ မလာရောက်နိုင် သည့် စာဖတ်ပရိတ်သတ်များ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ကလေးသူငယ်များအတွက် အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက Online မှ တစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြေ၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ စက္ကူခေါက်စသည့် အစီအစဉ် များကို သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)