သံတောင်ကြီး ဒီဇင်ဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် Book Club အဖွဲ့ဝင်များက စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ပျိုးတတ်မှ စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနော်လော်မူက စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြား ပြီး Book Club အဖွဲ့ဝင် နော်ဂရေစီထွန်းက စာရေးဆရာလယ်တွင်းသားစောချစ်၏ ပန်းလိုလျှင် အပင်ပျိုးတတ်မှ စာအုပ်ပါ ကလေးနှင့် ပတ်ဝန်းကျင်၊ ကလေးကို ရိုက်သင့်မရိုက်သင့်၊ ကလေးနှင့် ကျောင်းထားချိန်၊ ကလေးနှင့် ပညာရေး၊ ကျောင်းနေပျော်၍ စာတော်ပါစေစသည့် အကြောင်းအရာ များကို ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး နော်ဇူးဇူး (Book Club ) အဖွဲ့ဝင်က ကိုယ်ကျင့်ကောင်း၍ စိတ်ကောင်းရှိပါစေ၊ အနစ်နာခံ၍ ကူညီတတ်ပါစေ၊ နှုတ်ကြမ်းလက်ကြမ်းလူသရမ်း၊ မြေဇာပင်ကလေးများ စသည့် အကြောင်းအရာများ ဆွေးနွေးပြီး စောအငဲ (Book Club) အဖွဲ့ဝင်က ကောင်းကျိုးနှစ်ဖြာ လှကညာ၊ အချိန်မီ အဆုတ်သက်သာ၊ အရမ်းပြင်လျှင် အယဉ်ပျက်စသည့် အကြောင်းအရာများ ခေါင်စဉ်များကို ဖတ်ကြားဆွေးနွေးခဲ့သည်။
ထိုနောက် တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာ များကို အပြန်အလှန် ဖတ်ရှုဆွေးနွေးခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)