ကျွန်းစုမြို့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ အခွင့်အရေး ပူးပေါင်းပါဝင်မှု ခေါင်းစဉ်ဖြင့်နံရံကပ်စာစောင်ပြသ

ကျွန်းစု ဒီဇင်ဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ရုံးအရှေ့ မြေစိုက်နံရံကပ်ဘုတ်၌ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မသန်စွမ်းသူ များအခွင့်အရေး ပူးပေါင်းပါဝင်ကူညီမှု ခေါင်းစဉ်ဖြင့် အသိပညာပေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် နံရံကပ်စာစောင်များ ပြသခဲ့သည်။

ထိုသို့ ပြသခြင်းကို အများပြည်သူ စိတ်ပါဝင်စားစွာ ကြည့်ရှုနိုင်ပြီး ဗဟုသုတရစေရန် ရည်ရွယ် ချက်များဖြင့် ပြသဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နံရံကပ်စာစောင်တွင် မသန်စွမ်းသူများအတွက် ရသင့်ရထိုက်သည့်အခွင့်အရေးများ မသန်စွမ်းသူများအား မည်ကဲ့သို့ ကူညီကာကွယ် စောင့်ရှောက်နိုင်မည့် အချက်အလက်များ ကလေးမသန်စွမ်းသူများအတွက် ရသင့်ရထိုက်သည့် ဥပဒေများအား ဝေဝေဆာဆာထည့်သွင်းပြသထားပြီး စာစောင်အား (၁၅.၁၂.၂၀၂၁) အထိ ပြသ သွားမည် ဖြစ်သည်။

CTRA(Kyunsu)