မြဝတီမြို့၌  ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆက်လက်နှိုးဆော်ပေး

မြဝတီ   ဒီဇင်ဘာ   ၈

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွား မှုလျော့နည်းစေရေးအတွက် ပြည်သူများ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးတိုက်တွန်းနှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီ က မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေး   မိဘပြည်သူ များ အပြင်ထွက်သွားလာတိုင်း  နှာခေါင်းစည်း  (Mask)ကိုတပ်ဆင်ပါ၊ လက်ကိုမကြာခဏ ဆပ်ပြာ နှင့်စက္ကန့်(၂၀)ကြာအောင်   စနစ်တကျဆေးကြောပေးပါ၊     ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုး နှံရသေးသူများ ကာကွယ်ဆေးထိုးနှံထားကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏  ထုတ်ပြန်ချက် များအတိုင်း လိုက်နာနေထိုင်ကြရန်တို့ကို အသိပေးနှိုးဆော်သည်။

အဆိုပါ ဆောင်ရွက်ခြင်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေး ဆက်လက်နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)