ကမမောင်းမြို့တွင်သခွားသီးစိုက်ပျိုးရောင်းချခြင်းဖြင့်မိသားစုအပို၀င်ငွေရရှိ

ကမမောင်း    ဒီဇင်ဘာ   ၈

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တောင်သူတစ်ဦး၏ လယ်မြေတွင် မိသားစုအပိုဝင် ငွေများပိုမိုရရှိနိုင်သည့်  သခွားသီးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

အဆိုပါသခွားသီးကို စိုက်ပျိုးရာတွင် မည်သည့်မြေအမျိုးအစား မဆိုစိုက်ပျိုးနိုင်သော်လည်း သဲနှုန်းမြေဖြစ်ပါက ပိုမွန်ကောင်းမွန်ပါသည်။ မြေကိုဦးစွာပြုပြင်ပြီး‌ဘောင်ဖြင့်ပျိုးထောင် စိုက်ပျိုးရကြောင်း၊   ပေါင်းပင်များနှုတ်ခြင်း၊ မြေဆွပေးခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးရ ကြောင်း၊ စိုက်ပျိုးပြီး(၄၅)ရက်အကြာတွင်အသီးများ စတင်ထွက်ရှိပြီး (၅)ရက်လောက်အကြာ တွင်ခူးဆွတ်၍ ရောင်းချနိုင်ပြီးဖြစ်ကြောင်းသိရသည်။

ကမမောင်းမြို့တွင် သခွားသီးတစ်ပိဿာလျှင်ဖောက်သည်ဈေး (၁၀၀၀)နှုန်းရှိပြီးပြန်လည် ရောင်းချသူများအနေဖြင့် တစ်ပိဿာလျှင်(၁၆၀၀)နှုန်းဖြင့် ရောင်းချလျက်ရှိသဖြင့် မိသားစု စား၀တ်‌ရေးအတွက် အပို၀င်ငွေရရှိနိုင်ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)