လှိုင်းဘွဲ ဒီဇင်ဘာလ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွား လာစေရန်အတွက် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးစောသော်တာလင်းသန့်က ရုံးဝန်ထမ်းများအနေဖြင့် အသိပညာဗဟုသုတ ရရှိစေရန်အတွက် စာအုပ်စာပေများကို လေ့လာဖတ်ရှုရ မည် ဖြစ်ကြောင်း၊ စာပေဗဟုသုရှိမှသာ ပြည်သူ့များအား အသိပညာပေး ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းနှင့် စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် ခိုင်မာချမ်းသာစေ ပညာအမွေ စာအုပ်တွင် ရေးသားထားသည့် စာအုပ်အကြောင်းအရာများ၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သေချာခိုင်မာစွာ တွေးပါ၊ တိုးတက် ဖွံ့ဖြိုး လူ့ဘောင်အကျိုး၊ သဘောထားဟာ နေရာတကာ အရေးပါ၏၊ စီမံဦးစီးသူဖြစ်ဖို့၊ အောင်မြင်သော ဟောပြောချက် စသည့်အကြောင်းအရာတို့ကို အပြန်အလှန် အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)