မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ဒို့ကျေးရွာဂျာနယ် စာဖတ်ဝိုင်းကျင်းပ

မြင်းမူ  ဒီဇင်ဘာလ 

စာအုပ်စာစောင်ချစ်မြတ်နိုးသူများ၊   စာပေဝါသနာရှင်များ   စုပေါင်း၍    ဒို့ကျေးရွာ ဂျာနယ် စာဖတ်ဝိုင်းကို ဒီဇင်ဘာလ()ရက်နေ့ နံနက်ပိုင်းက မြင်းမူမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ပြည်သူ့စာကြည့် တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်ပြန်ဆက်ဦးစီးဌာန   ဦးစီးအရာရှိ (တာဝန်ပေး) ဦးနေလင်းအောင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်ပါတ်သက်၍ ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ စာပေဝါသနာရှင် ဦးခင်မောင်ဇော်က ဒီဇင်ဘာလ()ရက်နေ့ထုတ် ဒို့ကျေးရွာ ဂျာနယ်စာစောင်ပါ အောင်ဆန်း(စိုက်ပျိုးရေး)ရေးသားသည့် မိသားစုစားဖိုဆောင်အတွက် အရေးပါသည့် အာလူး အကြောင်း၊ စာပေဝါသနာရှင်   ဦးစောပြည့်ဟိန်းက ရွှေမင်းအောင်(ကျောက်ပန်တောင်း) ရေးသား သည့် ပြည်ပပို့ကုန်အတွက် မြန်မာ့ကြယ်ပဲအကြောင်း၊ စာပေဝါသနာရှင် ဦးနေသူရစိုးက   ဝင်းဇော် (သုံးဆယ်) ရေးသားသည့်   အုန်းပိုးများသေစေနိုင်ပြီး    အုန်းသီးများများသီးသောနည်းအကြောင်း  သိကောင်း စရာများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက အသီးသီးပြန် လည်ဆွေးနွေး ပေး ခဲ့ကြကြောင်း သိရှိရသည်။

မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စာဖတ်ဝိုင်းများ၊ ပုံပြောပြိုင်ပွဲများ၊ Talk Show ဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။

မြို့နယ်(ပြန်/ဆက်)