ထားဝယ်မြို့တွင်တနင်္သာရီတိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ထားဝယ်      ဒီဇင်ဘာ   ၈

တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင်တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အမျိုးသမီး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ  ကုလသမဂ္ဂစာချုပ်မှာပါရှိသည့် ကလေး သူငယ်အခွင့်အရေး(၄)ရပ်ဖြစ်သော  အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကလေးသူငယ်များကို အကြမ်းဖက်မှု၊ လျစ်လျူရှုမှုနှင့်ခေါင်းပုံဖြတ်မှု အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်မှုရပိုင်ခွင့်နှင့် ကလေးသူငယ်များ၏ အရေးကိစ္စများတွင် ကလေးသူငယ်များကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက် ခွင့်တို့ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများကို တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဆင့်ဖွဲ့စည်းထားပြီး ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာလူမှုရေးအဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းလက်တွဲကာ ကလေးသူငယ်များ ရှေ့ကမားမား မတ်မတ်ရပ်တည်ပြီး ကလေးသူငယ်များကိုဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးထွန်းထွန်းနိုင်က ကလေးသူငယ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း ဦးစီးအရာရှိဒေါ်လှလှထွန်းက အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)