ချောက် ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ အခြေခံမဲဆန္ဒရှင် လူဦးရေစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်းနှင့် အခြေခံမဲစာရင်း ပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က ကြည့်ရှု စစ်ဆေးခဲ့သည်။
ချောက်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အခြေခံမဲဆန္ဒရှင် လူဦးရေစာရင်း ပြည့်စုံမှန်ကန်ရေး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးနှင့် ပေါင်းစပ်ညှိနှိုင်း၍ အိမ်ထောင်စုဇယားပုံစံ (၆၆/၆)များရယူ တိုက်ဆိုင် စစ်ဆေးခြင်း၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအလိုက် အိမ်ထောင်စု လူဦးရေစာရင်းများ ရယူ၍ တိုက်ဆိုင်စစ်ဆေးခြင်း၊ ဖြည့်စွက်ပြင်ဆင်ခြင်း၊ နောက်ကျင်းပမည့် ရွေးကောက်ပွဲ၌ အသက်ပြည့်မီလာမည့် မဲဆန္ဒရှင်စာရင်းများအား ထပ်မံဖြည့်သွင်းခြင်း လုပ်ငန်းများကို သတ်မှတ်ရက်အပြီး ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် နေမှုအား ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက ကြည့်ရှု့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်၊ အဖွဲ့ခွဲအဖွဲ့ဝင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်ဆက်)