ချောက်မြို့နယ် လူမှုဖူလုံရေးရုံး ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေး

ချောက် ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ချောက်လမ်းရွာ၊ ရေနံမြေမှ အာမခံအလုပ်သမား ဦးအောင်စိုးဦးသည် ပင်မစက်မှုအလုပ်ရုံအတွင်း လုံခြုံရေးမီးအတွက် အသုံးပြုထားသော (230V) Electrical Service Wire ပြတ်တောက်နေသဖြင့် သွားရောက် တပ်ဆင်နေစဉ် လျှပ်စစ်ဓါတ်လိုက် သေဆုံးသွားခြင်းအားအလုပ်တွင်ထိ ခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးခြင်းကို မြန်မာ့ရေနံ အစည်းအဝေးခန်းမ၌ ယမန်နေ့  ညနေ ၄နာရီကပေးအပ်ပွဲပြုလုပ်သည်။

အခမ်းအနားသို့ မြို့နယ်လူမှုဖူလုံရေး ဆေးခန်းတာဝန်ခံ ဆရာဝန်၊ မြို့နယ်အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဌာန၊ ဦးစီးအရာရှိ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း ချောက်ရေနံမြေ အုပ်ချုပ်ရေး တာဝန်ခံအရာရှိနှင့် ဝန်ထမ်းများ၊ ကျန်ရစ်သူမိသားစုဝင်များ တက်ရောက် ခဲ့ကြပြီး အလုပ်တွင် ထိခိုက်သေဆုံးသွားသော ဦးအောင်စိုးဦး အတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း စုစုပေါင်းငွေကျပ် ၈၁၀၀၀၀၀ (ကျပ်ရှစ်ဆယ့်တစ်သိန်း တိတိ)အား မြို့နယ်လူမှုဖူလုံရေးရုံး၊ ရုံးခွဲတာဝန်ခံ ဒေါ်နီလာအေး က သေဆုံးသူ ဦးအောင်စိုးဦး၏ဇနီး ဒေါ်နန်းဝေ(ခ)ဒေါ်နွယ်နွယ်ဝေထံ ပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့် လက်ခံရရှိသူ ကိုယ်စား ချောက်လမ်းရွာရေနံမြေမန်နေဂျာ (ထွေ/စီ)မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)