ပွင့်ဖြူ ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံစိုက်ပျိုးရေး လုပ်ငန်းတွင် လယ်ယာမြေ များကို ငွေကြေးအကုန်အကျ သက်သာစွာဖြင့် ငှားရမ်းထွန်ယက် စိုက်ပျိုးလုပ် ကိုင်နိုင်ရန်၊ သီးနှံဝင်ငွေတိုးပွားစေပြီး ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် NEW Holland (T–40) ထွန်စက်(၃)စီးနှင့် စပ်ဆက် ပစ္စည်းများအား မြို့နယ်သမဝါယမဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနရုံးတွင် ကျင်းပသည်။
အဆိုပါ လယ်ယာထွန်စက်(၃)စီးနှင့် စပ်ဆက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် က မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ကျေးလက်နေ တောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် ငွေကြေးအကုန်အကျ သက်သာစွာဖြင့် လယ်ယာမြေပြုပြင်ခြင်း ကိစ္စများကို ဆောင်ရွက် သွားနိုင်ရန်နှင့် သီးနှံစိုက်ပျိုးထုပ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနသို့ ပေးပို့အပ်နှံထား သည့် NEW Holland (T–40) ထွန်စက်(၃)စီးနှင့် စပ်ဆက် ပစ္စည်းများကို မြို့နယ်သမဝါယမ ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ပါကြောင်းနှင့် ယခုလွှဲပြောင်းပေးအပ်သည့် လယ်ယာသုံး ထွန်စက်များကို ဒေသခံတောင်သူများ ရေရှည် ငှားရမ်း အသုံးပြုနိုင်ရေးအတွက် စနစ်တကျ ထိန်းသိမ်းသွားကြရန် ရှင်းလင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးပို့သည့် NEW Holland (T–40) ထွန်စက်(၃)စီးနှင့် စပ်ဆက် ပစ္စည်းများကို မြို့နယ်သမဝါယမ ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ရာ မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်းနှင့် မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးတင်အုန်း တို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)