မြဝတီ ဒီဇင်ဘာ ၈
ကရင်ပြည်နယ်၊ မြဝတီမြို့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်ချက်ဖြင့် ဘုရင့်နောင်လမ်းမကြီး တစ်လျှောက် လမ်းပခုံးပြုပြင်ခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက် နေ့မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းသည် အာရှလမ်းမကြီးဖြစ်သည်နှင့်အညီ ခရီးသွားပြည်သူများပြားခြင်း၊ယာဉ် အန္တရာယ် ကင်းရှင်းရေးအတွက် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးမှ ဦးဆောင်ကာ မူလလမ်းကို လမ်းဘေးဝဲယာတစ် ဖက်တစ်ချက် ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး မြို့နယ်လမ်းဦးစီးဌာနမှ မြို့နယ်အင်ဂျင်နီယာ ဦးထွန်းဝင်းမြင့်က မူလ လမ်းတစ်ဖက်တစ်ချက်လမ်းပုခုံး ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အာရှ လမ်းမကြီးပြင်ဆင်ခြင်းလုပ်ငန်းများကို ရိုးမမီးပွိုင့်မှ မြေနီကုန်း မီးပွိုင့်အထိ ၄ ကီလိုမီတာ ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ လမ်းပြင်ဆင်ခြင်းလုပ်ငန်းများကို စစ်ဗျူဟာအဖွဲ့ (အခြေချ)သင်္ဃန်းညီနောင်၊ စစ်ဗျူဟာ မှူး၊ ဗိုလ်မှူးကြီးဝင်းနေလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် သက်ဆိုင် ရာတာဝန်ရှိသူများက ယနေ့မွန်းလွဲ(၁)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)