မြဝတီ ဒီဇင်ဘာ ၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ခရိုင်အဆင့်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၁၇/၂၀၂၁) အခမ်း အနားကို ယမန် နေ့နံနက် (၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ အစည်းအဝေးတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)သင်္ဃန်းညီနောင်၊စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီး ဝင်းနေလွင်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းကို ကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ထားမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးရန် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ နေရပ်ပြန်ပြည်သူ များအား အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စစ်ဗျူဟာအဖွဲ့(အခြေချ) သင်္ဃန်းညီနောင်၊စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းနေလွင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေများထားရှိသင့်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေအနေများကို Page များဖွင်လှစ်ကာ သတင်းအမှန်များထုတ်လွှင့် နိုင်ရေး၊ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ စနစ်တကျလက်ခံဆောင်ရွက်ရန်၊ ကျန်းမာရေးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ နှင့်ကူးစက်တတ်သော ဗိုင်းရပ်စ်များကို လူစည်းကားရာနေရာများ၊ မြို့ဝင်မြို့ထွက်ဂိတ် များတွင် အသိပညာ ပေးခြင်းလုပ်ငန်းနှင့် ဗီနိုင်းနှင့်ပိုစကာများ စိုက်ထူဆောင်ရွက်ရန်တို့ကို ဖြည့်စွက် ဆွေးနွေးသည်။
အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများမှလည်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်းရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရာ တာဝန်ရှိသူမှပြန်လည်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)