လှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်မည့် ကျေးလက်ရေပေးရေးလုပ်ငန်း၊ ကုန်ထုတ်လမ်း/တံတားများနှင့်ပတ်သက်၍ မြို့နယ်အဆင့်မိတ်ဆက်ရှင်းလင်း

ဘားအံ ဒီဇင်ဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်(၆)လဘတ်ဂျက်ကာလအတွင်း ဆောင်ရွက်မည့် ကျေးလက်ရေပေး ရေးလုပ်ငန်း၊ ကုန်ထုတ်လမ်း/ တံတားများနှင့် ပတ်သက်၍ မြို့နယ်အဆင့်မိတ်ဆက်ရှင်းလင်း သည့် အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိတ်ဆက်ရှင်းလင်းသည့် အခမ်းအနားသို့  လှိုင်းဘွဲမြို့နယ်အုပ်ချုပ်‌ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ တင်ဒါအောင် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ မြို့နယ်တည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက (၆)လ ဘတ်ဂျက်ဖြစ်သည့်အတွက်  သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး အထူးအလေးထားဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားပြီး လှိုင်းဘွဲ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးကျော်နိုင်ထွန်းက  ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်တွင် လှိုင်းဘွဲမြို့နယ်အတွင်း ဆောင်ရွက်မည့်  ကျေးလက်ရေပေး လုပ်ငန်း၊ ကုန်ထုတ်လမ်း/တံတားများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ တက်ရောက်လာသူ များက သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးလက်ရေပေးဝေရေးလုပ်ငန်း(၇)ခု၊ ကုန်ထုတ် လမ်း (၂) လမ်း ၂ မိုင် ၅ ဒသမ ၃၆ ဖါလုံ၊ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျေးလက်ရေပေးဝေ ရေး လုပ်ငန်း(၆)ခု၊ ကုန်ထုတ်လမ်း တစ်လမ်း အရှည်(၃)မိုင်နှင့် တံတား(၂)စင်းတို့ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)