ပခုက္ကူ ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏(၃/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာလ ၇ ရက် မွန်းလွဲ ၂နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမိုးကျော်သူက လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ရ သည့်အကြောင်းနှင့် အသက်(၁၈)နှစ်အထက်လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများပူးပေါင်း ပါဝင်ဆောင်ရွက်ပေးနိုင်ရေးတို့ အကြောင်းရှင်းလင်းပြောကြားပြီး ပခုက္ကူမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊အတွင်းရေးမှူး ဒေါ်ခင်မာအေးက အသက်(၁၈)နှစ်အထက်လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်စု အလိုက် အိမ်ထောင်စုလူဦးရေစာရင်းများရယူ၍ တိုက်ဆိုင်စိစစ်ခြင်း၊ ဖြည့်စွက်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်းအသေးစိတ်အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဌာနဆိုင်ရာတာဝန်ရှိသူများက အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပေးဆွေးနွေးကြကြောင်း သိရသည်။
ဘာမီသာ(မဟာဝိဇ္ဇာ)