ထားဝယ် ဒီဇင်ဘာ ၇
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရေဖြူမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီ က ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက ရေဖြူမြို့နယ်၊ ရာဖူး ကျေးရွာအုပ်စု၊ မရမ်းချောင်း ကျေးရွာ၊ကော့လှိုင်ကျေးရွာ၊ မိုင်(၆၀)ကျေးရွာ၊ နတ်ကြီးစင်ကျေးရွာ အုပ်စုများတွင် ရေဖြူမြို့နယ်လဝကရုံးကကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား နှင့်အိမ်ထောင်စုလူဦးရေစာရင်းတို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ပေးအပ်ပွဲကျင်းပပေးရ ခြင်းဖြစ်ကြောင်း၊ ရေဖြူမြို့နယ်လဝက ရုံးဝန်ထမ်းများအနေဖြင့် ရေဖြူမြို့နယ်အတွင်းမှာရှိသော ရပ်ကွက်/ကျေးရွာ အုပ်စုတွေကို ကွင်းဆင်းပြီး ပန်းခင်းစီမံချက်အောင်မြင်အောင်၊ တိုးတက်မှု ရှိအောင်ကြိုးစားပြီး ဆောင်ရွက်ပေးသည့်အတွက်ဂုဏ်ယူကြောင်း၊ နိုင်ငံသားမှတ်ပုံတင်ဆိုသည်မှာ နိုင်ငံအတွင်း နေထိုင်သူပြည်သူအားလုံး၏ နိုင်ငံသားအခွင့်အရေးများကို မဆုံးရှုံးစေရန်နှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ပိုင်ဆိုင်မှုရေးရာများ တွင်အသုံးပြုနိုင်သော နိုင်ငံသားမှတ်ပုံတင်ကိုဆိုလိုရင်းဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်နှင့်ပတ်သက် ၍သက်ဆိုင်ရာခရိုင်၊မြို့နယ်၊ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်ဝိုင်းဝန်းပူးပေါင်းလုပ်ကိုင်ဆောင်ရွက် ပေးစေလိုကြောင်း၊ မှတ်ပုံတင်လုပ်ငန်းများတွင်နိုင်ငံတော်ကသွေးစစ်၊ ဓာတ်ပုံရိုက် လုပ်ငန်းများ၌ အခကြေးငွေမယူပဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မကြာခင်ကာလအတွင်း ရွေးကောက်ပွဲပြုလုပ်မှာဖြစ်သောကြောင့်အများပြည်သူလက်ထဲတွင်မှတ်ပုံတင်ကတ်ပြားရှိနေမှသာလျှင်ဆန္ဒမဲပေးရမှာဖြစ်သည့်အတွက် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးရလေအောင် ပြုလုပ်ထား စေလိုကြောင်း၊ လဝကဌာန၏“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”ဆိုသည့် ဆောင်ပုဒ်နှင့် အညီ ပန်းခင်း စီမံချက်မှာသွားရောက် လျှောက်ထားကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ရေဖြူမြို့နယ် ဦးစီးမှူးရုံးမှပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားမှတ်ပုံတင်(၅၁၀)ကတ်နှင့် အိမ်ထောင်စု(၃၈)စုကို တိုင်းရင်းသားဒေသခံပြည်သူများ လက်ဝယ် အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)