ဒိုက်ဦး ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်-ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ယနေ့နံနက်ပိုင်းတွင် မြို့မဈေးရှေ့၊ ဘူတာရုံနှင့် မြို့ပေါ်ရပ်ကွက် (၉) ရပ်ကွက် အတွင်း၌ကို ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်) ရောဂါပိုး ထိရောက် စွာကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိဘပြည်သူအပေါင်းတို့အနေဖြင့် မိမိတို့နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေ သော ကိုဗစ်-၁၉ ရောဂါဆိုးကြီးသည် ဗီဇပြောင်း မျိုးကွဲ Omicron(အိုမီခရွန်) ရောဂါပိုး အဖြစ်လျှင် မြန်စွာကူးစက်ပျံ့ပွားမှုဖြစ်နေသဖြင့် ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ ဒီရောဂါဆိုးကြီးကို လျင်မြန်စွာအချိန်တိုအတွင်း ကာကွယ်နိုင်မှာဖြစ်ပါကြောင်း၊ မိဘပြည်သူများ အနေနဲ့ လက်ရှိအခြေအနေမှာ အရေးကြီးဆုံးကတော့ အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊သို့မှသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးဆက်မှုကို ထိထိရောက်ရောက် ကာကွယ် နိုင်မှာဖြစ်သည်။ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါကပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး (၆) ပေအကွာမှ ခပ်ခွာခွာနေကြရန် ၊Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကိုရှောင်ကြရန်တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် (၂၀)ကြာအောင်စနစ်တကျ ဆေးကြောကြရန်၊ လက်ကိုဆေးခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့်ထိ တွေ့ခြင်း မပြုလုပ်ကြရန်၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ကြရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့်ခေါင်းစည်း MASK များကို အိမ်အပြင်တွင် စွန့်ပစ်ရန်၊ အပြင်က ပြန်လာပြီးတိုင်း အဝတ်အစားလဲ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြပါရန်နှင့် သက်ကြီးရွယ်အိုများဆီးချို၊ သွေးတိုး၊ နှလုံးရောဂါခံ ရှိသူများ ရောဂါကူးစက် ခံရပါကဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါကြောင်း၊ မိမိတို့၌ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ ဗီဇပြောင်း မျိုးကွဲ Omicron(အိုမီခရွန်)ရောဂါပိုးအား ထိရောက်စွာ အမြန်ကာကွယ် တားဆီး ထိန်းချုပ် နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို ပြည်သူများအားလုံးက ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)