ကရသူရိမြို့တွင် ကွမ်းရွက်ဈေးကောင်း၍ မိသားစုအပိုဝင်ငွေရရှိ

ကရသူရိ ဒီဇင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် မိသားစုစားဝတ်/နေရေးအတွက် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်အသီးအရွက်များကို စိုက်ပျိုး၍ အသက်မွေး ဝမ်းကျောင်းပြုလုပ် လျက်ရှိရာ ကွမ်းရွက်သည် ယခင်နှစ်များကထက်  ယခုနှစ်များတွင်ဈေးကောင်းပိုမိုရရှိ၍ စိုက်ပျိုး သူဦးရေး များပြားလာပြီး မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်းသိရသည်။

“ဟုတ်တယ်တယ်ဗျ ဒီနှစ်ကွမ်းရွက်ဈေးက ယခင်နှစ်တွေထက် အများကြီးဈေးပိုရရတယ်။ ဘာလို့ဆိုတော့ ပြီးခဲ့တဲ့ တစ်လ၊ နှစ်လလောက်က ပိုးတွေဖျက်စီးလို့ ကွမ်းခြံပိုင်ရှင်တွေ အများ ကြီးပျက်စီး သွားခဲ့ရတယ်။ ကျွန်တော်ခြံတောင် ကံကောင်းလို ပိုးမကျဘဲကျန်ခဲ့တာ။ အဲတော့ ကွမ်းရွက်ခြံကနည်း သွားတယ်လေ။ နောက်ပြီး မြန်မာလူမျိုးတွေက ကွမ်းစားခြင်းကို ပိုနှစ်သက် ကြ။ စားသုံးသူဦးရေက တစ်နှစ်ထက်တစ်နှစ်ပိုများလာတယ်။ အဲတော့ ကွမ်းရွက်တွေ ဈေးကောင်းလာတာပေါ့။ လက်ရှိကွမ်းရွက် ခြံမိသားစုလည်း အပိုဝင်ငွေရရှိတာပေါ။ တစ်ခြား ရာသီပေါ်သီးနှံတွေလည်းစိုက်ပျိုးတယ်။ ဘာလို့လည်းဆိုတော့ ခုချိန်က အလုပ်တွေရှားပါး နေတာလေ။ အဲတော့ စိုက်ပျိုးရေးကိုဦးစားပေးလုပ်တယ်။ ကွမ်းရွက် ဈေးကတော့ ယခင်နှစ် တွေက တစ်ပိဿာ(၂၀၀၀)ကျပ်လောက်ဘဲရတယ်၊ ယခုနှစ်မှာတော့(၃)ထောင် ကျော်ထိရတယ်။ ကုန်ဈေးနှုန်းကတော့ အားလုံးတက်နေကြတာပါ”ဟု ကွမ်းရွက်စိုက်ပျိုးသူ ဒေသခံ တစ်ဦးကပြော သည်။

ကိုဗစ်-၁၉ရောဂါ ကာလအတွင်း အခြေခံစားသောက်ကုန်တချို့ ကုန်ဈေးနှုန်းများမြှင့်တက် သွားခဲ့ရာ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက စစ်ဆေးမှုဆောင်ရွက်ခဲ့သဖြင့် ဈေးနှုန်းများ အနည်းငယ် လျော့ကျခဲ့သော်လည်း ကွမ်းရွက်ဈေးနှုန်းက စားသုံးသူဦးရေများပြားမှုနှင့် ကွမ်းရွက် ခြံအပျက်အစီးများကြောင်း ဈေးကောင်းရရှိလျက်ရှိရာ ကွမ်းရွက်စိုက်ပျိုးသူများမိသားစုများ အပို ဝင်ငွေရရှိလျက်   ရှိကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)