လပွတ္တာ ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး ၊လပွတ္တာခရိုင်လပွတ္တာမြို့နယ် ၊ရွေးနဒီ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ကျေးရွားအုပ်စု အုပ်ချုပ်ရေး မှူးများ လုပ်ငန်းညှိ့နှိုင်း ဆွေးနွေးပွဲ ကျင်းပ ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ခိုင်လင်းမှ မြို့နယ်အတွင်း ဆောင်ရွက်လျှက်ရှိသောလုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဥ်များ၊အတွင်းရေးမှူး ရဲမှူး မျိုးလွင် မှ မြို့နယ် လုံခြုံရေးကိစ္စရပ်များ၊ကျောင်းသူ ၊ကျောင်းသားလေးများ ကာကွယ် ဆေးထိုး လုပ်ငန်းများနှင့် အဖွဲ့ ဝင် (၂)မြို့နယ် လူဝင်မှု့ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှပန်းခင်းစီမံချက်အကြောင်းရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ မီးသတ်ဦးစီးမှူးမှ မီးဘေးလုံခြုံရေး သတိပြုရန်၊ကျေးရွာများတွင်အရန်မီးသတ် အင်အား တိုးမြှင့်ဖွဲစည်းရန်ဇာတ်တိုက်လေ့ကျင့်ရေး များဆောင်ရွက်ရန်ကိစ္စရပ်များ၊ မြို့နယ်ပညာရေးမှူးမှကျောင်းများ စည်းကမ်းချက်များ နှင့်အညီစနစ်တကျ ဖွင့်လှစ်သင်ကြားပေးနေမှု၊ မြို့နယ်စည်ပင်၊ မြို့နယ်လမ်းဦးစီး၊ ကျေးလက်လမ်းဦးစီး၊ မြို့နယ်စိုက်ဘဏ်၊ မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ ဌာနလုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက် ရောက်လာကြသူများမှ သိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။ လုပ်ငန်းညှိ့နှိုင်းဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ(၃၄)ဦး၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး(၈၀)တက်ရောက်ကြောင်း သိရှိရသည်။