ကံမမြို့နယ် ကင်းကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

ကံမ ဒီဇင်ဘာ ၇

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ် တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ရပ်ကွက် ၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့က ကင်းကျေးရွာအုပ်စု သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင် ကြစို့ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင်အောင်ဝင်း နှင့် ဝန်ထမ်းများက ကင်းကျေးရွာအုပ်စု အတွင်းရှိ ကင်းကျေးရွာ၊ ကိုင်းခုံကျေးရွာနှင့် ထောက်ရှာခုံကျေးရွာတို့မှ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊လဲလှယ်ပေးခြင်းနှင့်အိမ်ထောင်စုလူဦးရေးစာရင်းများ စိစစ် လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။  

ကျော်ဇေယျဝင်း(ကံမ)