အုတ်တွင်းမြို့နယ်​ မြေစီးကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေများ သတ္တမအကြိမ် ထုတ်ချေးပေး

အုတ်တွင်း ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မြေစီးကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ် ရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီ​အချိန်က အဆိုပါကျေးရွာ ရှိမူကြို ကျောင်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းက ရှင်းလင်း​ပြောကြား ခဲ့ပြီး၊ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၂၁)ဦး၊ မွေးမြူ ရေးလုပ်ငန်း လုပ်ကိုင်သူ(၄၉)ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ(၂)ဦး စုစုပေါင်း အသင်းသား (၇၄)ဦးအား ငွေကျပ် ၃၉ ဒဿမ ၁ သန်းကို တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ အသီးသီးပေးအပ်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)