သာယာ၀တီခရိုင် လူမှု၀န်ထမ်း ဦးစီးဌာနမှ နတ်တလင်းမြို့ ရွှေလင်းဘိုးဘွားရိပ်သာနှင့် ကိုယ့် အားကိုယ်ကိုး မူလတန်းကြိုကျောင်းအား ထောက်ပံ့ပေးနိုင်ရေး ကြည့်ရှုစစ်ဆေး

နတ်တလင်း ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လူမှု၀န်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီထွန်းနှင့် အဖွဲ့သည် နတ်တလင်းမြို့ရှိ ရွှေလင်းဘိုးဘွားရိပ်သာနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းသို့ လိုအပ်သည်များကို ထောက်ပံ့ပေးနိုင်ရေးအတွက် ယနေ့နေ့လယ် ၁၂နာရီအချိန်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် နတ်တလင်းမြို့ ရွှေလင်းဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး ဘိုးဘွားများ၏နေထိုင်မှု၊ တိုးတက်မှုနှင့် လိုအပ်သော ထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန်အတွက် တာ၀န်ရှိသူများနှင့် တွေ့ဆုံပြီး လိုအပ်သည်များကို မှာကြားခဲ့ပြီး နောက်ဆက်လက်၍ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်းသို့ သွားရောက်၍ ကျောင်းပုံမှန် ပြန်လည်ဖွင့်နိုင်ရေးနှင့် လိုအပ်သည့် ထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန် တာဝန်ရှိသူများနှင့် တွေ့ဆုံမှာကြားခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး