ဝေါမြို့၌ အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား Phase 5 Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

ဝေါ ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဦးတည်အုပ်စုများ အလိုက် ပြည်သူများအား စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ဝေါမြို့နယ်ခန်းမတွင် ထိုးနှံ ပေးလျက်ရှိသည် ။

ကာကွယ်ဆေး ထိုးနှံခြင်းကို ဝေါမြို့ပေါ် (၆) ရပ်ကွက်မှ အသက် ၁၈ နှစ်နှင့် အထက် မိဘပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ၊ ယခင်ကာကွယ်ဆေး ထိုးနှံပေးရာ တွင် အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးနှံရန် ကျန်ရှိနေ နိုင်ငံ့ဝန်ထမ်းများအား စာရင်းကောက်ယူ၍ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဝေါမြို့နယ်အတွင်း ၁၈ နှစ်အထက် (၁၅၉၇၄၇) ဦးအား ရည်မှန်းထားပြီး ကာကွယ်ဆေး ထိုးနှံပြီးသူ (၁၈)နှစ်အထက် (၆၃၅၆၁)ဦးအား ကာကွယ်ဆေးထိုးနှံခဲ့ကာ ဆေးထိုးရန်ကျန်ရှိသည့် ဒေသခံပြည်သူ (၉၆၃၈၆) ဦးအား ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယနေ့မှစ၍ Phase5 Sinovac ကာကွယ်ဆေးကို လူဦးရေ (၃၃၄၀၀) ဦးအတွက်ဆေးထိုးနှံနိုင်ရေးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို Phase 5 ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်မှစ၍ ထိုးနှံပေးလျက်ရှိပြီး ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများအနေဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာအတွင်း ဒုတိယအကြိမ် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်မြတ်လင်း (ပြန်ဆက်)