ဆင်ပေါင်ဝဲမြိုနယ်၌ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးရေး Myanmar Fitness Dance သရုပ်ပြပွဲကျင်းပ

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာကို စိတ်ဝင်စားသော လူငယ်မောင်မယ်များနှင့် ပူးပေါင်းကာ ယမန်နေ့ ညနေ ၄ နာရီအချိန်က Myanmar Fitness Dance သရုပ်ပြပွဲကို Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Myanmar Fitness Dance ဖြင့် သရုပ်ပြပေးခြင်းသည် လူကြီး၊လူငယ်၊လူရွယ်များ ကျန်းမာရေးအတွက် အထူးသင့်လျော်သော ကိုယ်လက်လှုပ်ရှား အားကစားနည်းတစ်မျိုး ဖြစ်သည့်အတွက် ကိုယ်ကာယကြံ့ခိုင်မှု ရှိစေရန်နှင့် လူတိုင်းလိုက်ပါ လှုပ်ရှားကစားနိုင်သည့် ကစားနည်းဖြစ်၍ အကျိုးကျေးဇူးရရှိစေရန် We Love Sinbaungwe Page မှတစ်ဆင့် ပြသပေးခြင်းဖြစ်သည်။

Myanmar Fitness Dance သရုပ်ပြပေးမှုကို အခြေခံပညာ မူလတန်းလွန်ကျောင်းမှ သတ္တမတန်း ကျောင်းသူလေး များက ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချိုချိုဝင်း(ဆင်ပေါင်ဝဲ)