ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရန် အသိပေးနှိုးဆော်ချက်များ ဆက်လက်ဆောင်ရွက်

ရေတာရှည်  ဒီဇင်ဘာ 

ပဲခူးတိုင်း​ဒေသကြီးတောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင်  ပူးပေါင်း ပါဝင်စေရန် အသိပညာပေး နှိုး​ဆော်ခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာ​ပေး တိုက်တွန်းနှိုး​ဆော်ရာတွင်  ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တားဆီးကာကွယ်နိုင်ရန်အတွက် လိုက်နာရမည့်အချက်များ၊ ကြိုတင် ရှောင်ရှားရမည့် အချက်များကို  သိရှိလိုက်နာဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူ များ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်အတွက် အသိပညာပေး နှိုးဆော်မှုများကို မြို့အတွင်း လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်အတွင်း၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး​​တွေ့လူနာ ထပ်မံ​တွေ့ရှိမှုမရှိ​ကြောင်းနှင့် ယ​နေ့အချိန်အထိ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာ (၁၅၇၀)ဦးရှိပြီး ဆေးရုံဆင်း (၁၅၃၄)ဦး၊​ ဆေးရုံများတွင် ဆေးကုသမှုခံယူ​နေရသူများ မကျန်ရှိ​တော့​ကြောင်း၊ သေဆုံးသူ (၃၆)ဦးဖြစ် ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)