ဘုတ်ပြင်း ဒီဇင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် မြို့နယ်အဆင့် မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်က ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်စံပြကျေးရွာရှိ ကွင်းအမှတ် ၆၂၈ ဦးပိုင်အမှတ် ၁၄/၁ တောင်သူ ဦးမြင့်နိုင်၏ မှော်ဘီ-၂ မိုးစပါးစံပြကွက်တွင် ဆောင်ရွက်ခဲ့သည်။
မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ကော့သောင်းခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းဆွေဦး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးညွှန့်ဝင်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဖေအောင်ရင်နှင့် ဝန်ထမ်းများ မြို့နယ် အဆင့်ဌာနဆိုင်ရာများက မိုးစပါးစံကွက်ရိတ်သိမ်းမှု အားကြည့်ရှုအား ပေးကြသည်။
တောင်သူ ဦးမြင့်နိုင်၏ မှော်ဘီ-၂ မိုးစပါး စံကွက် (၆.၆)ပေ ပတ်လည် ကိုရိတ်သိမ်းခဲ့ရာ မျိုးစပါး ပျှမ်းမျှတစ်ဧက အစို( ၁၇၅.၇၈ )တင်း အခြောက်(၁၆၉.၆၄) တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)