ကျွန်းစု ဒီဇင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ယနေ့ နံနက် ၈နာရီအချိန်တွင် ဗိုလ်ချုပ်လမ်းမကြီးနှင့် အောင်သပြေလမ်းဆုံ၊ မြို့နယ်စည်ပင်ရုံး အရှေ့၌၂၀၂၁ - ၂၀၂၂ခု (၆)လ ဘဏ္ဍာရေးနှစ်အတွက် ဆိုင်ကယ် ဘီးခွန်များ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်စခန်းမှူး ဦးဝင်းဇော်မိုးနှင့် တပ်ဖွဲ့ဝင်များက မြို့အတွင်းရှိ ဖြတ်သန်းသွားလာနေသော ဆိုင်ကယ်(၁၀၄)စီးအား တစ်စီးလျှင် (၁၅၀၀)ကျပ်ဖြင့် ဆိုင်ကယ် ဘီးခွန် ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ကျွန်းစုမြို့နယ်အတွင်းရှိ မော်တော်ဆိုင်ကယ်များ၏ ၂၀၂၁ - ၂၀၂၂ ခု (၆)လ ဘဏ္ဍာရေးနှစ် အတွက် ဆိုင်ကယ် ဘီးခွန်များအား ဒီဇင်ဘာလ(၇)ရက်နေ့နှင့် (၈)ရက်နေ့တို့တွင် ပညာပေး ကာလဖြင့် ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပညာပေးကာလပြီးသွားပါက ဘီးခွန်ဆောင် ထားခြင်း မရှိသည့် မော်တော်ဆိုင်ကယ်များအား စိစစ်ဒဏ်ရိုက်သွားမည်ဖြစ်ကြောင်း သိရသည်။
CTRA(Kyunsu)