ကျိုက်ဒုံမြို့၌ ​ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် အသိပညာပေးနှိုးဆော်ချက်များ စဉ်ဆက်မပြတ် ဆောင်ရွက်

ကျိုက်ဒုံ  ဒီဇင်ဘာ  ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရေး အတွက် ယနေ့ နံနက် ၉နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၂)ရပ်ကွက်၊လမ်းသွယ်နေရာများတွင် ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ရောဂါ အသိပညာပေး နှိုးဆော်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ အသိပညာပေး နှိုးဆော်ချက်များဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာနေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း ကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ဈေးဝယ်ခြင်းမှရှောင်ကြဉ်ကြရန်၊ လူစု လူဝေး ပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များ စဉ်ဆက်မပြတ် နေ့စဉ် လိုက်လံနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)